Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ၏ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2022-03-31 16:19:13

၁။ အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများ အလိုက် လုပ်ငန်းစီမံချက် (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ် (Activities) များမှ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်။
၃။ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက်ကော်မတီ အဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို NES Unit မှ ဖြန့်ဝေသွားမှာဖြစ်ပြီး အကောင် အထည်ဖော်ခြင်းလုပ်ငန်းစဉ်များတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှလိုအပ်သော ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
More Events
ပို့ကုန်နှစ်ဆ တိုးမြှင့်ကြ
Date: 2025-26
The 2nd Hunan (huaihua) RCEP Economic and Trade Expo ပြပွဲ ကျင်းပပြုလုပ်မည်
Date: 8th to 11th May, 2025